အကယ်ဒမီသရုပ်ဆောင်ဖွေးဖွေးဟာ သူများအတွဲတွေ့ရင် ပျော်နေပေမယ့် ကိုယ့်တိုင်က အပူမရှာချင်သေးဘူးလို့ဆိုပါတယ်။“သူများအတွဲတွေ တွေ့ရင် ကိုယ်က ဘေးကကြည့်ပြီးပျော်နေတာပါ၊ ဖွေးက ကိုယ်ကိုယ်တိုင်တော့ အပူမရှာချင်သေးဘူး၊ ဘဝက စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေရှိတာပါပဲ၊ စိတ်ဖိစီးမှုတွေလည်းရှိတယ်၊ စိတ်ကို ဖွေးက မျက်နှာသစ်တိုင်း စိတ်ကိုလျှော့ချပြီးတော့ စိတ်ကိုသန့်ရှင်းရေးလုပ်တယ်၊ ဇာတ်ကားတွေ ပြန်ရိုက်ဖြစ်လာတော့ ပြန်ပြီးအသက်ပြန်ရှင်လာသလိုခံစားရတယ်” လို့ သူမရဲ့လက်ရှိအချစ်ရေးအပေါ်အမြင်ကိုပြောပြလာခဲ့ပါတယ်။
Mar 01 • 6:20 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 46 | 0 | 0 | 0 |


