လိုင်းဖုန်းလုပ်ငန်းကို အနှောင့်အယှက်ပေးခဲ့တဲ့ အင်တာနက်ခေါ်ဆိုမှု ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Skype ကို လာမယ့် မေလမှာ စတင်ပိတ်သိမ်းတော့မှာဖြစ်ကြောင်း Microsoft ကကြေညာချက်ထုတ်ပြန်လာပါတယ်။ Skype ပိုင်ရှင်ဖြစ်တဲ့ Microsoft ဟာ နှစ်ပေါင်း ၂၀ နီးပါးလောက် အသုံးပြုလာကြတဲ့ နိုင်ငံရပ်ခြားဖုန်းဆက်သွယ်မှုကို ပြောင်းလဲပေးခဲ့တဲ့ Skype အင်တာနက်ခေါ်ဆိုမှုဝန်ဆောင်မှုကို ရပ်နားတော့မှာဖြစ်ပါတယ်။Skype ကို ပိတ်သိမ်းခြင်းက Microsoft အတွက် ကိုယ်ပိုင် Teams ဝန်ဆောင်မှုကို အာရုံစိုက်နိုင်စေပြီး ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ရိုးရှင်းအောင် လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားထားပါတယ်။Google အပါအဝင် နည်းပညာကြီးကုမ္ပဏီတွေအတွက်တောင်မှ အောင်မြင်တဲ့ ဆက်သွယ်ရေးကိရိယာတွေ ဖန်တီးဖို့ဆိုတာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ အခုဆိုရင် Skype က Duo နဲ့ AOL Instant Messenger တို့လို အနားပေးခံရတဲ့ ဆက်သွယ်ရေးကိရိယာတစ်ခုဖြစ်လာတော့မှာပါ။
Mar 01 • 3:54 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


