back

မြန်မာနိုင်ငံပြည်တွင်းတွင် ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်လို့ ဖုန်းမက်ဆေ့ချ် ပို့လိမ်လည်တာတွေ ခပ်စိပ်စိပ် ဖြစ်လာနေ

Mar 01 • 3:42 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံပြည်တွင်းတွင် ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်လို့ ဖုန်းမက်ဆေ့ချ် ပို့လိမ်လည်တာတွေ ခပ်စိပ်စိပ် ဖြစ်လာနေ

လက်ရှိမှာ မြန်မာနိုင်ငံအတွင်းမှာကျားဖြန့် အွန်လိုင်း လိမ်လည်မှုနဲ့ ပတ်သက်လို့ ဖုန်းမက်ဆေ့ချ် ပို့တာတွေ ခပ်စိပ်စိပ် ဖြစ်လာနေတယ်လို့ ကိုယ်တွေ့ကြုံရသူတွေက ပြောပါတယ...

လက်ရှိမှာ မြန်မာနိုင်ငံအတွင်းမှာကျားဖြန့် အွန်လိုင်း လိမ်လည်မှုနဲ့ ပတ်သက်လို့ ဖုန်းမက်ဆေ့ချ် ပို့တာတွေ ခပ်စိပ်စိပ် ဖြစ်လာနေတယ်လို့ ကိုယ်တွေ့ကြုံရသူတွေက ပြောပါတယ်။ဖုန်းမက်ဆေ့ခ်ျတွေထဲကို ကံစမ်းမဲပေါက်တယ်ဆိုပြီး ပေးပို့လာတဲ့ စာတိုတွေ၊ အနိုင်များပြီး ငွေရှာရလွယ်ကူတဲ့ ဂိမ်းတခုနဲ့ မိတ်ဆက်ပေးပါရစေ ဆိုပြီး link ပေးပို့လာတဲ့ စာတိုတွေ၊ ကံစမ်းမဲပေါက်တဲ့အတွက် ငွေထုတ်ယူနိုင်တယ် ဆိုတဲ့ စာတိုတွေနဲ့ ဖုန်းမဲပေါက်တဲ့အတွက် ပစ္စည်းပို့ခ လွှဲခိုင်းတဲ့ စာတိုတွေ စသဖြင့် လိမ်နည်း အမျိုးအမျိုးနဲ့ စာတိုတွေ ရောက်ရှိလာပြီးအွန်လိုင်းဂိမ်းတွေအပြင် စတော့ဈေးကွက်ကစားတာ၊ ဝက်ဘ်ဆိုက်ထဲ ဝင်ရောက်ပြီး ကလစ်နှိပ်တာ၊ ပါဆယ်ပို့ပေးမယ်၊ ငွေကြေး ချေးယူခွင့်ပေးမယ်စသဖြင့် ငွေကြေးနဲ့ ဖြားယောင်း လိမ်လည်တာ၊ ကံစမ်းမဲ သဘောမျိုး ကတ်တွေဝယ်ခိုင်းပြီး မဲဖောက်ခိုင်းတာ၊ အွန်လိုင်းဈေးကွက် သင်တန်းတွေ ပေးမယ်ဆိုပြီး လိမ်လည်တာ၊ AI နည်းပညာအသုံးပြုပြီး နာမည်ကျော်ကြားသူတွေကို ချဉ်းကပ်၊ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ခြိမ်းခြောက်တာ စသဖြင့် အမျိုးမျိုးရှိတယ်လို့ သိရပါတယ်။ ကျားဖြန့်လုပ်ငန်းဟာ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နဲ့ မြန်မာ၊ ထိုင်း အစရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ကြီးကြီးမားမား အမြစ်တွယ်ပျံ့နှံ့နေတဲ့ ဒုစရိုက်လုပ်ငန်း ဖြစ်ပါတယ်။

news-view-count-icon

20