back

လက်စတာတိုက်ပွဲဝင်နေဆဲလို့ နစ္စတယ်ရွိုင်းပြော

Feb 28 • 12:17 PM

breaking-news

မြန်မာ

ပြည်ပ

cover

လက်စတာတိုက်ပွဲဝင်နေဆဲလို့ နစ္စတယ်ရွိုင်းပြော

လက်စတာအသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ရလဒ်တွေ ဆိုးရွားနေပေမယ့် အသင်းဟာ ပရီးမီးယားလိဂ်မှာ ဆက်ပြီးရှိနေနိုင်ဖို့ တိုက်ပွဲဝင်နေဆဲလို့ နည...

လက်စတာအသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ရလဒ်တွေ ဆိုးရွားနေပေမယ့် အသင်းဟာ ပရီးမီးယားလိဂ်မှာ ဆက်ပြီးရှိနေနိုင်ဖို့ တိုက်ပွဲဝင်နေဆဲလို့ နည်းပြနစ္စတယ်ရွိုင်းက ပြောခဲ့ပါတယ်။ နစ္စတယ်ရွိုင်းက “ကျနော်တို့ဟာ ရလဒ်ကောင်းတွေရရှိအောင် ပြန်လုပ်ရတော့မှာဖြစ်ပြီး ဒီတိုက်ပွဲထဲမှာရှိနေဆဲပါ။ သင်္ချာနည်းအရ ကျနော်တို့ ဒီမှာရှိနေတဲ့အတွက် ကျနော်တို့ဟာ ကျနော်တို့ လုပ်နိုင်သလောက် ဆက်တိုက်ပွဲ ဝင်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့တိုက်ပွဲက တစ်ပိုင်းပဲရှိခဲ့တဲ့အတွက် မလုံလောက်ဘူးဆိုတာ ရှင်းပါတယ်”လို့ ပြောခဲ့တာပါ။


news-view-count-icon

15