ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုဟာ ဂါလာတာစာရေးအသင်းနဲ့ အစ္စတန်ဘူလ် ဒါဘီပွဲအပြီးမှာ ပြောခဲ့တဲ့ မှတ်ချက်တွေကြောင့် တူရကီဘောလုံးအဖွဲ့ချုပ်က ၄ ပွဲပယ်နဲ့ ဒဏ်ကြေးငွေ ပေါင် ၃၅,၁၉၄ ချမှတ်ခဲ့ပါတယ်။ မော်ရင်ဟိုဟာ ဂိုးမရှိ သရေကျခဲ့တဲ့ ဒီပွဲအပြီးမှာ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက် ပြုလုပ်ခဲ့တယ်လို့ ဂါလာတာစာရေး အသင်းရဲ့ စွပ်စွဲမှုကိုခံထားရတာပါ။ မော်ရင်ဟိုဟာ တူရကီဒိုင်လူကြီးတွေကို စော်ကားတဲ့ ပြောစကားတွေကြောင့် ၂ ပွဲပယ်နဲ့ ဒဏ်ကြေးငွေ၊ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အားကစားကို ဆန့်ကျင်တဲ့ လုပ်ရပ်ကြောင့် ၂ ပွဲပယ်နဲ့ ဒဏ်ကြေးငွေ ချမှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။



