back

ထရန်စ်ဂျန်ဒါ(Transgender)ဝန်ထမ်းများကို အမေရိကန်စစ်တပ်မှ ထုတ်ပယ်မည်

Feb 28 • 7:52 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထရန်စ်ဂျန်ဒါ(Transgender)ဝန်ထမ်းများကို အမေရိကန်စစ်တပ်မှ ထုတ်ပယ်မည်

ဤဆုံးဖြတ်ချက်သည် သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်းအတွင်း ထရန်စ်ဂျန်ဒါဝန်ထမ်းများအပေါ် ထားရှိခဲ့သော ကန့်သတ်ချက်များထက်ပင် ပိုမိုတင်းကျပ်လာခြင်းဖြစ်ပြီး၊ ထရမ့်ကို ထေ...

ဤဆုံးဖြတ်ချက်သည် သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်းအတွင်း ထရန်စ်ဂျန်ဒါဝန်ထမ်းများအပေါ် ထားရှိခဲ့သော ကန့်သတ်ချက်များထက်ပင် ပိုမိုတင်းကျပ်လာခြင်းဖြစ်ပြီး၊ ထရမ့်ကို ထောက်ခံသူများကပင် ယခင်က မကြုံဖူးသော လုပ်ရပ်ဟု ဆိုကြသည်။ထရမ့်သည် လွန်ခဲ့သောလကပင်လျှင် ထရန်စ်ဂျန်ဒါစစ်သားများကို ဦးတည်သည့် အုပ်ချုပ်ရေးအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ "ထရန်စ်ဂျန်ဒါစစ်သားများသည် စစ်သားတစ်ဦးအတွက် လိုအပ်သော ရိုးသားမှု၊ ကိုယ်ကျိုးစွန့်မှုတို့နှင့် မကိုက်ညီပါ" ဟုလည်း ပြောဆိုခဲ့သည်။

news-view-count-icon

11