back

ဂျာမနီမှမြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဆက်လက်ပံ့ပိုးကူညီမည်

Feb 28 • 7:43 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဂျာမနီမှမြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဆက်လက်ပံ့ပိုးကူညီမည်

၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီ ၂၇ ရက်မှာမြန်မာနိုင်ငံတစ်ဝှမ်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းပေါင်းများစွာကို ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ ရန်ကုန်မှာ ရှိတဲ့ ဂ...

၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီ ၂၇ ရက်မှာမြန်မာနိုင်ငံတစ်ဝှမ်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းပေါင်းများစွာကို ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ ရန်ကုန်မှာ ရှိတဲ့ ဂျာမဏီသံရုံးမှသိရပါတယ်။ဂျာမနီဟာ ကုလသမဂ္ဂဘတ်ဂျက်အတွက် အမေရိကန်ဒေါ်လာ ၁၉၄ သန်းကို ၂၀၂၅ ခုနှစ်အတွက် အပြည့်အဝ ထည့်ဝင်ခဲ့ပြီးဖြစ်သလို ကုလသမဂ္ဂက သူတို့ရဲ့ လုပ်ငန်းတွေကို ပြည်၀စွာလုပ်ဆောင်ဖို့ ရည်ရွယ်တယ်လို ဆိုပါတယ်။အထူးသဖြင့် မြန်မာနိုင်ငံအတွင်းက ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ ရန်ပုံငွေတွအတွက် ၂၀၂၄ ခုနှစ်မှာ ဂျာမနီကအမေရိကန်ဒေါ်လာ ၁၀ သန်းကျော် တိုက်ရိုက်ထည့်ဝင်ခဲ့ပြီး အဲ့ဒီအထဲက အမေရိကန်ဒေါ်လာ ၇ သန်းကို မြန်မာ လူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေ (MHF) သို့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ဂျာမနီဟာ ဆွီဒင်နိုင်ငံနဲ့အတူ ၂၀၂၄ ခုနှစ်မှာ MHF အတွက် ပံ့ပိုးပေးတဲ့ ဒုတိယအကြီးဆုံးထည့်ဝင်သူ ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံကို ၂၀၂၅ခုနှစ်မှာလည်း ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။


news-view-count-icon

26