ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ၁၃နာရီ၃၀ မိနစ်အချိန် တွင်စိုင်းပညာ(ခ)စိုင်းညာ(ခ)အိုက်ညာ နှင့် စိုင်းမြင့်သိန်း(ခ)အိုက်အောင် တို့အားရှမ်းပြည်နယ် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းတွင် PROBOX အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၅၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မခင်ဆွေမြင့်(၄၅)နှစ်၊ မသူဇာထွေး (ခ)သူဇာ(၄၂)နှစ်၊ သန်းဇော်ဦး(၄၉)နှစ်၊ စိုင်းပညာ(ခ)စိုင်းညာ(ခ)အိုက်ညာ(၃၁)နှစ် နှင့် စိုင်းမြင့်သိန်း(ခ)အိုက်အောင်(၂၅)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းတွင် PROBOX အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြားဖမ်းမိခဲ့
Feb 28 • 7:02 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 29 | 0 | 0 | 0 |


