ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ၀၉နာရီ၃၀မိနစ် အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးကား၀င်းအတွင်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ မခင်ဆွေမြင့် အား စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၈နာရီ၃၀ မိနစ်အချိန်တွင် မသူဇာထွေး(ခ)သူဇာ အား ၎င်းနေထိုင်သည့် ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၈၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၅၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၀၆နာရီ၀၀ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်း၀ယ်ရာ၌ ပူးပေါင်းပါ၀င်သူ သန်းဇော်ဦး အား သန်လျင်မြို့၊ မြို့ဟောင်းအနောက်ရပ်ကွက်တွင်ဖမ်းဆီးရမိခဲ့ပါတယ်။
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ကလောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူတရားခံများ ဖမ်းဆီးရမိ
Feb 28 • 6:42 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 18 | 0 | 0 | 0 |


