ထိုင်းနိုင်ငံ နယ်စပ်တလျှောက်ရှိ မြန်မာနှင့် ထိုင်းနယ်စပ်တလျှောက် မြန်မာမှ ခေါ်ဆိုလိမ်လည်လှည့်စားသည့် စင်တာများကို ဖြိုခွင်းနေသည်မှာ သေးငယ်သော အစိတ်အပိုင်းမျှကိုသာ ဖြစ်ကြောင်း ထိုင်း နိုင်ငံရဲ့ထိပ်တန်း အတိုက်အခံ လွှတ်တော် အမတ် Rangsiman Rome က ပြောကြားသည်။ ပိုမိုများပြားလာသော တရားမဝင် လုပ်ငန်းကဏ္ဍကို ရပ်တန့်ရန် ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် ၎င်းက တောင်းဆို၍ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ မြဝတီဒေသရှိ လိမ်လည်မှုစင်တာများကို ဖြိုခွင်းရန် တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုပေးထားပြီး တွန်းအားပေးလျက်ရှိပြီးမြဝတီဧရိယာတွင် ၃ သိန်း လုပ်ကိုင်လျက်ရှိသည့်အနက် ကယ်တင်ခဲ့သည်မှာ တစ်သောင်းအောက်သာ ရှိသေးသည်ဟုဆိုသည်။



