၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရပ်ကွက်ဈေးများ၌ မရမ်းသီး၊ ခရမ်းချဉ်သီး၊ ကန်စွန်းရွက်၊ ပြောင်းဖူး၊ သရက်သီးအစိမ်း စသည့် ဟင်းသီးဟင်းရွက်အများစု ဈေးနှုန်းများ တည်ငြိမ်နေကြောင်း တွေ့ရသည်။ မရမ်းသီးတစ်ဆယ်သား ၅၀၀-၆၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ဆယ်သား ၁၅၀-၂၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စည်း ၂၅၀-၃၀၀ ကျပ်၊ ပြောင်းဖူးတစ်ဖူး ၅၀၀ ကျပ်၊ သရက်သီးအစိမ်းအသေးတစ်လုံး ၁၀၀-၂၀၀ ကျပ် စသည့်ဖြင့် ဈေးနှုန်းများ တည်ငြိမ်နေပြီး၊ မန်ကျည်းရွက်၊ ဂွေးတောက်ရွက်၊ ဂျူးမြစ်၊ ပဲလိပ်ပြာ၊ ကြက်ဟင်းခါးသီး၊ ဘိုစားပဲသီးတို့မှာလည်း ဈေးနှုန်းမှန်ကန်ကြောင်း တွေ့ရသည်။



