ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၆) ရက်တွင် ရှမ်းပြည် တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်း တွင် တောင်အတက်အဆင်းလမ်း ကြမ်းတမ်း မှုကြောင့် လားရှိုးမြို့သို့ ပြန်သည့် စစ်ဘေးရှောင် ကားတစ်စီးယာဉ်တိမ်းမှောက်မှုနှင့်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။အဆိုပါ ကျောက်တန်းလမ်းမပေါ်တွင် လတိုင်းနီးပါး ကားကြီး၊ကားငယ် တိမ်းမှောက်မှုများဖြစ်ပွားနေသည့် အတွက်ကြောင့် ၎င်းလမ်းကို သုံးပြုမည့် ကားသမားအနေဖြင့် ကားသေချာစစ်ဆေးရန် နှင့် သတိထားသွားလာရန် တောင်ကြီးကားသမားတစ်ဦးက ပြောပါသည်။



