ဆွီဒင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်ရေးဝန်ကြီးမှ ယူကရိန်းအတွက် လျှပ်စစ်ဓာတ်အား အရေးပေါ် လိုအပ်ချက်ကို ဖြည့်ဆည်း ထုတ်လုပ်ပေးနိုင်မယ့် အကြီးစား ဓာတ်ငွေ့တာဘိုင် ၂ လုံး စမ်းသပ် ထုတ်လုပ်ဖို့အတွက် ခရိုနာ သန်း ၅၀၀ (ဒေါ်လာ သန်း ၅၀ နီးပါး) အသုံးပြုဖို့ ၂၀၂၄ နှောင်းပိုင်းက ဆုံးဖြတ်ခဲ့ပါတယ်။ အခု ဆွီဒင်မှာပဲ ထုတ်လုပ်ခဲ့တဲ့ အဲဒီ့ ဓာတ်ငွေ့ တာဘိုင်တွေဟာ ယူကရိန်းကို ပို့ဖို့ အသင့်ဖြစ်နေပါပြီ။ တာဘိုင်တလုံးဟာ လူပေါင်း နှစ်သိန်းနီးပါး (၁၈၅,၅၀၀) အတွက် လျှပ်စစ်ဓာတ်အား အလုံအလောက် ထုတ်လုပ်ပေးနိုင်ပါတယ်။ ယူကရိန်း ပြည်သူတွေကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးဖို့ ဆွီဒင်အနေနဲ့ တတ်နိုင် သလောက် ဆက်လက်ကူညီပေးသွားမည် ဖြစ်သည်။



