ပြည်တွင်းစျေးကွက် အခြေအနေ တည်ငြိမ်ရေးအတွက် ပြည်ပ ဓာတ်ဆီ တင်ပို့ရောင်းချမှုကို ဩဂုတ်လကုန်အထိ ဆက်လက် ကန့်သတ် ပိတ်ပင် တားမြစ်ကြောင်း ရုရှားအစိုးရက ဖေဖော်ဝါရီ ၂၇ မှာ သတင်းထုတ်ပြန်ပါတယ်။ ပြည်တွင်း စက်သုံးလောင်စာဆီစျေးတွေတက်လာတာကို ဟန့်တားဖို့ဆိုပြီး ပြည်ပတင်ပို့ရောင်းချမှုတွေကို ၂၀၂၄ ခုနှစ်ကတည်းက ပိတ်ပင် ကန့်သတ်ခဲ့တာဖြစ်ပါတယ်။ ဒီကန့်သတ်ချက် ဖေဖော်ဝါရီ ၂၈ မှာ ကုန်ဆုံးတော့မှာဖြစ်လို့ အခုလို သက်တမ်း ထပ်မံတိုးမြှင့်တာလို့ ဆိုပါတယ်။



