ရှမ်းပြည်နယ်၊ မူလမင်းကွန်းဇေတဝန်သာသနာ့မာရ်အောင် ကမ္မဋ္ဌာန်းတိုက်များ၏ (၅၉) ကြိမ်မြောက် မဟာသတိပဋ္ဌာန် ဓမ္မသဘင်ညီလာခံ နှစ်ပတ်လည်အစည်းအဝေးနှင့် ပင်လုံမြို့ ၊ပန်မုန့် ကမ္မဋ္ဌာန်းတိုက်၏ ရွှေရတုအထိမ်းအမှတ်ပွဲတော်ကို မတ်လ ၂ ရက်မှ ၆ ရက်နေ့အထိ ပင်လုံ ကမ္မဌာန်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ မုလမင်းကွန်းဇေတဝန်သာသနာ့မာရ်အောင် ကမ္မဋ္ဌာန်းတိုက်များ၏ (၅၉)ကြိမ်မြောက် မဟာသတိပဋ္ဌာန် ဓမ္မသဘင်ညီလာခံ နှစ်ပတ်လည်အစည်းအဝေးသို့ မြန်မာနိုင်ငံအတွင်းရှိ ကမ္မဋ္ဌာန်းတိုက် (၃၇) တိုက်မှ ကမ္မဌာနာစရိယတရားပြဆရာများ၊ ပဋိပတ္တိသာသနာနုဂ္ဂဟအဖွဲ့များ၊ ရပ်နီးရပ်ဝေးမှ ဓမ္မမိတ်ဆွေများ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။



