ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအိုင်အတွင်းရှိ ရွှေမဉ္ဇူရေလည်ဘုရားပွဲကို ယခုနှစ်တွင်လည်း အကျဉ်းချုံ့သာကျင်းပသွားမှာဖြစ်ကြောင်း သိရပါသည်။ကိုဗစ်ကပ်ရောဂါနဲ့ ဒေသတွင်း နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ အကျဉ်းချုံ့သာကျင်းပခဲ့တာဖြစ်ပြီး ယခုနှစ်အပါအဝင် ပျော်ပွဲရွှင်ပွဲတွေနဲ့ ကြီးကျယ်ခမ်းနားစွာမကျင်းပနိုင်တာ ငါးနှစ်ဆက်ရှိလာပြီလည်းဖြစ်ပါသည်။



