back

အန်တိုနီ၏အနီကတ် ပယ်ဖျက်မှု ရီးရဲလ် စိတ်ပျက်

Feb 27 • 12:55 PM

breaking-news

မြန်မာ

ပြည်ပ

cover

အန်တိုနီ၏အနီကတ် ပယ်ဖျက်မှု ရီးရဲလ် စိတ်ပျက်

ဘက်တစ်တောင်ပံတိုက်စစ်မှူး အန်တိုနီရဲ့ အနီကတ်ကို ပယ်ဖျက်ပေးခဲ့တဲ့ ဒိုင်လူကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ရီးရဲလ်အသင်း စိတ်ပျက်နေတယ်လို့ သိရပါတယ်။ ဘရာဇီးတောင်ပံ တိုက...

ဘက်တစ်တောင်ပံတိုက်စစ်မှူး အန်တိုနီရဲ့ အနီကတ်ကို ပယ်ဖျက်ပေးခဲ့တဲ့ ဒိုင်လူကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ရီးရဲလ်အသင်း စိတ်ပျက်နေတယ်လို့ သိရပါတယ်။ ဘရာဇီးတောင်ပံ တိုက်စစ်မှူး အန်တိုနီဟာ ဂီတာဖေးအသင်းနဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားကို ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် အနီကတ် ပြသခံခဲ့ရတာဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အနီကတ်ကို ပယ်ဖျက်ခံလိုက်ရ တဲ့အတွက် အန်တိုနီဟာ အခုတစ်ပတ်ကစားမယ့် ရီးရဲလ်အသင်းနဲ့ပွဲကို ပါဝင်ကစားခွင့်ရတော့မှာ ဖြစ်ပါတယ်။ ဘယ်လင်ဟမ်ရဲ့ အနီကတ်အယူခံဝင်မှုကို ပယ်ချခဲ့ပေမယ့် အန်တိုနီရဲ့အနီကတ်ကို ပယ်ဖျက်ပေးလိုက်တဲ့ ဆုံးဖြတ်ချက်က ရီးရဲလ်အသင်းတာဝန်ရှိသူတွေကို စိတ်ပျက်စရာ ဖြစ်စေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။


news-view-count-icon

21