အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC)ဟာ လာမယ့်ဇွန်လမှာ နုတ်ထွက်မယ့် သောမတ်ဘတ်ချ်ရဲ့ နုတ်ထွက်စာကို လက်ခံလိုက်ပြီလို့ ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ပါတယ်။ လက်ရှိ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ သောမတ်ဘတ်ချ်ဟာ လာမယ် မတ်လ ၂၀ ရက်နေ့မှာ ကျင်းပမယ့် ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲမှာ အနိုင်ရသူကို ဇွန်လ ၂၃ ရက်နေ့မှာ ဥက္ကဋ္ဌရာထူး လွှဲပြောင်းပေးမှာဖြစ်ပါတယ်။ သောမတ်ဘတ်ချ်ဟာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ရာထူးကို ၁၂ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌရာထူး လွှဲပြောင်းပေးအပြီးမှာ အိုလံပစ်ကော်မတီရဲ့ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်မှာဖြစ်ပါတယ်။



