မြန်မာအမျိုးသမီးအသင်းရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့ဖလားဝင်နိုင်ဖို့ ဖြစ်ပြီးအာဆီယံရဲ့ ကြီးလေးကြီးထဲက ထိုင်း ၊ ဗီယက်နမ် ၊ဖိလစ်ပိုင် အသင်းတို့ဟာ ကမ္ဘာ့ဖလားဝင်ခွင့်ရဖူးထားပြီး မြန်မာတစ်သင်းသာ ကမ္ဘာ့ဖလားဝင်ခွင့်
မရရှိသေးတာ ဖြစ်ပါသည်။မြန်မာအမျိုးသမီးအသင်းသည်ကြိုးစားလိုစိတ်ရှိတယ် ၊ ကျားကုတ်ကျားခဲ အားထုတ်တယ် ၊ နည်းပြရဲ့ နည်းစနစ်အောက်မှာကစားသမားတိုင်းနီးပါး လိုက်ပါ ကစားနိုင်ကြောင်းသိရပါသည်။အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ ၊ အာရှဖလားပြိုင်ပွဲ ၊ဆီးဂိမ်းပြိုင်ပွဲတွေဟာ ကမ္ဘာ့ဖလားဝင်ခွင့်သွားရာလမ်းကြောင်းမှာ အကောင်းဆုံးသော စွမ်းဆောင်ရည် ဖြည့်ဆည်းဖို့ရာ လှေကားထစ်တွေ ဖြစ်ကြောင်းသိရပါသည်။



