back

နှစ်နှစ်နီးပါး လုပ်အားခမရသော မြန်မာလုပ်သားများ ထိုင်းသူဌေးကို တိုင်ကြား

Feb 27 • 9:41 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

နှစ်နှစ်နီးပါး လုပ်အားခမရသော မြန်မာလုပ်သားများ ထိုင်းသူဌေးကို တိုင်ကြား

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၆ ဦးသည် နှစ်နှစ်နီးပါး လုပ်အားခမရဘဲ အလုပ်လုပ်ခဲ့ရကြောင်း WAG အလုပ်သမား...

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၆ ဦးသည် နှစ်နှစ်နီးပါး လုပ်အားခမရဘဲ အလုပ်လုပ်ခဲ့ရကြောင်း WAG အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံ တိုင်ကြားခဲ့သည်။ သူဌေးက လုပ်အားခမပေးဘဲ ချေးငွေသာထုတ်ပေးခဲ့ပြီး အလုပ်သမားများ၏ စာရွက်စာတမ်းများကို သိမ်းဆည်းထားသောကြောင့် အလုပ်ပြောင်းလဲရန်လည်း အခက်အခဲဖြစ်ခဲ့သည်။ WAG အဖွဲ့သည် အလုပ်သမားများနှင့်အတူ ဖေဖော်ဝါရီ ၂၅ ရက်တွင် ဒေသဆိုင်ရာ အလုပ်သမားရုံးသို့ သွားရောက်ကာ အမှုဖွင့်တိုင်ကြားခဲ့သည်။


news-view-count-icon

25