စားအုန်းဆီရည်ညွှန်းစျေးများ ၂၀၂၅ ခုနှစ်အတွင်း ဆက်တိုက်ကျဆင်းနေသော်လည်း ပြင်ပစျေးကွက်တွင် စျေးနှုန်းများ အမြင့်ပိုင်း၌ တည်ငြိမ်နေကြောင်း ရန်ကုန်စျေးကွက်မှ သိရသည်။ စားအုန်းဆီစျေးနှုန်းများ တည်ငြိမ်စေရန် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် ရည်ညွှန်းစျေးနှုန်းများ ထုတ်ပြန်ပေးလျက်ရှိသည်။ ဖေဖော်ဝါရီ ၂၄ ရက်မှ မတ်လ ၂ ရက်အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၉၀၅ ကျပ်ဖြစ်ပြီး ယခင်နှစ်များကထက် မြင့်မားနေသေးသည်။ ပြင်ပစျေးကွက်တွင်မူ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၈၅၀၀ ကျပ်အထိ စျေးအမြင့်ပိုင်း၌ တည်ငြိမ်နေသည်။



