ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေမှာ ရှိနေတယ်လို့ ယူဆရတဲ့ ဂျပန်နိုင်ငံသား နှစ်ဆယ်ခန့်ဟာ ဘယ်ရောက်နေလဲဆိုတာ မသိရသေးဘဲ ပျောက်ဆုံးနေကြောင်း Japan Today က ဖော်ပြပါတယ်။ ပျောက်ဆုံးနေသူတွေထဲက ဆယ်ဦးက ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးက ငွေလိမ်လုပ်ငန်းတွေကနေ ထွက်ပြေးတဲ့ နိုင်ငံခြားသားတွေထဲမှာ ပါဝင်နိုင်ပြီးဂျပန်နိုင်ငံသား နှစ်ဆယ်ခန့်ဟာ ငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေသူတွေဖြစ်နိုင်သလို တခြား နေရာကို ရွှေ့ပြောင်းခံလိုက်ရတဲ့ လူကုန်ကူးခံရသူတွေလည်းဖြစ်နိုင်တယ်လို့ Japan Today က ဖော်ပြပါတယ်။ဂျပန်အစိုးရအနေနဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံက သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက် နေတယ်လို့လည်း ဆိုပါတယ်။
Feb 27 • 5:31 AM
မြန်မာ
ကရင်
မျှဝေမည်
| 17 | 0 | 0 | 0 |


