back

နေပြည်တော်ကောင်စီနယ်မြေအတွင်း ခွေးရူးရောဂါ ကာကွယ်ဆေးစတင်ထိုးနှံနေ

Feb 27 • 5:04 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

နေပြည်တော်ကောင်စီနယ်မြေအတွင်း ခွေးရူးရောဂါ ကာကွယ်ဆေးစတင်ထိုးနှံနေ

“၂၀၃၀ ပြည့်နှစ်တွင် ခွေးမှတစ်ဆင့်ကူးစက်တတ်သော ခွေးရူးရောဂါကြောင့် လူသေဆုံးမှုပပျောက်ရေး” ဟူသော တစ်ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို အကောင်အထည်ဖော်လျက်ရှိရာ ယနေ့တ...

“၂၀၃၀ ပြည့်နှစ်တွင် ခွေးမှတစ်ဆင့်ကူးစက်တတ်သော ခွေးရူးရောဂါကြောင့် လူသေဆုံးမှုပပျောက်ရေး” ဟူသော တစ်ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို အကောင်အထည်ဖော်လျက်ရှိရာ ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်တို့၌ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်နေပါတယ်။အဆိုပါအစီအစဉ်Mass Dog Vaccination ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ခွေးရူးရောဂါကင်းစင်ရေးအတွက် အမျိုးသားအဆင့် စီမံကိန်း (၂၀၁၈ - ၂၀၃၀) ကို ရေးဆွဲဆောင်ရွက်လျက်ရှိရာ နေပြည်တော်ရှိ ပျဉ်းမနားမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဥတ္တရသီရိမြို့နယ်များ၌ ခွေးရူးရောဂါကင်းစင်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။




news-view-count-icon

17