back

အမေရိကန် အာဏာပိုင်တွေကယာဥ်တိုက်မှုကြောင့် သေဆုံးသွားသူ မြန်မာနိုင်ငံသားဒေါ်စန်တူမာယာရဲ့ နာမည်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် လမ်းနာမည် သတ်မှတ်ခဲ့

Feb 27 • 3:46 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန် အာဏာပိုင်တွေကယာဥ်တိုက်မှုကြောင့် သေဆုံးသွားသူ မြန်မာနိုင်ငံသားဒေါ်စန်တူမာယာရဲ့ နာမည်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် လမ်းနာမည် သတ်မှတ်ခဲ့

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလမ်းနာမည်သတ်မှတ် ဝမ်းနည်းခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ပြီး မူလ လမ်းနာမည် ဗစ်ဇဘတ်လမ်း အစား စန်တူမာယာ လမ်းအဖြစ် တရားဝင်သတ်မှတ်လိုက်တာဖြစ်ပါတယ...

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလမ်းနာမည်သတ်မှတ် ဝမ်းနည်းခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ပြီး မူလ လမ်းနာမည် ဗစ်ဇဘတ်လမ်း အစား စန်တူမာယာ လမ်းအဖြစ် တရားဝင်သတ်မှတ်လိုက်တာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စု ကယ်လီ‌ဖိုးနီးယား ပြည်နယ် ဥက္ကလံမြို့မှာ ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ မြန်မာပြည်ဖွား အသက် ၇၃ နှစ် အရွယ် ဒေါ်စန်တူမာယာရဲ့ နာမည်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ အဲဒီလမ်း နာမည် အဖြစ် ဒေသန္တရ အာဏာပိုင်တွေက သတ်မှတ်လိုက်ပါတယ်။အသက် ၇၃ နှစ် အရွယ် မြန်မာပြည်ဖွား ဒေါ်စန်တူမာယာဟာ ၂၀၂၃ ခုနှစ် ဇွန် ၁၆ ရက် နေ့က ယာဥ်မောင်း သမားတစ်ဦးရဲ့ မဆင်မခြင် မောင်းနှင်မှု ကြောင့် လမ်းပေါ်မှာတင် သေဆုံးခဲ့ရတာဖြစ်ပါတယ်။


news-view-count-icon

17