လူမှုကွန်ရက်တွင် အသည်းရောင် အေပိုး ရောဂါဖြစ်ပွားမှုများ ဖော်ပြလာပြီး ငွေကြေးတတ်နိုင်သူများ ကာကွယ်ဆေးထိုးနှံမှုများကြောင့် ဆေးဈေးနှုန်းများ မြင့်တက်လာသည်။ တစ်လုံးလျှင် ၁၂၀၀၀၀ ကျပ်မှ ၂၆၀၀၀၀ ကျပ်အထိ မြင့်တက်လာပြီး ဆေးပြတ်လပ်မှုများလည်း ဖြစ်ပေါ်နေကြောင်း ဆေးဆိုင်များထံမှ သိရသည်။ အသည်းရောင် အေပိုးသည် အစားအသောက်နှင့် ရေမှတစ်ဆင့် ကူးစက်နိုင်ပြီး ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကာကွယ်နိုင်ကြောင်း ဆရာဝန်များက အကြံပြုထားသည်။



