ဖေဖော်ဝါရီ ၂၆ရက်နေ့မွန်းလွဲပိုင်းတွင်(၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ကျောက်ချောင်းကျေးရွာအုပ်စု သံကြိုးလမ်းကျေးရွာတွင် ကွန်ကရစ်လမ်းသစ်တည်ဆောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။အဆိုပါလမ်းသည် ၂၀၂၄- ၂ဝ၂၅ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည်ပေ ၁၀၅၀၊ အကျယ် ၁၀ ပေ နှင့် ဒု ၆ လက်မရှိကြောင်းသိရပါတယ်။



