အခု ၂၀၂၅ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ တအောင်း ဒေသဖြစ်တဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်နဲ့ လားရှိုး၊ တန့်ယန်း မြို့နယ်က ကျေးရွာပိုင်းတွေအကုန်လုံး တအာင်းဒေသက ကျေးရွာတွေမှာ အသက် ၅ နှစ်အောက် ကလေးနဲ့ အရေးပေါ် ကလေးမွေးဖွားတဲ့မိခင်၊ ကိုယ်ဝန်ဆောင်မိခင်တွေကို အရေးပေါ်ဆေးရုံတက်ဖို့လိုအပ်လာရင် တအာင်းကျန်းမာရေးအဖွဲ့အစည်း-THO က ဆေးရုံကုန်ကျစရိတ်နဲ့ စားစရိတ် ခရီးစရိတ်တွေကို ထောက်ပံ့ပေးမယ်လို့ THOက ထုတ်ပြန်ထားပါသည်။အခုထောက်ပံ့ကြေးဟာ လူမျိုးဘာသာမရွေး အကျုံးဝင်ပြီး ထောက်ပံ့ကြေးလာထုတ်ဖို့လိုအပ်ရင် အဆိုပါမြို့နယ်တွေမှာရှိတဲ့ THO ရဲ့ ဆေးပေးခန်းနဲ့ Facebook Page စာမျက်နှာမှာ ချိတ်ဆက်ပြီးထောက်ပံ့ကြေးထုတ်ယူလို့ရတယ်လို့ သိရပါသည်။ထောက်ပံ့ကြေးလာထုတ်တဲ့အချိန်မှာ မှတ်ပုံတင်အပြင် ကျေးရွာအတွင်း နေထိုင်သူဖြစ်ရမယ်ဖြစ်ပြီး ဆေးရုံဆင်းတဲ့စာအုပ်နဲ့ ဆေးဘောင်ချာတွေလည်း ယူဆောင်လာရမှာဖြစ်တယ်လို့ သိရပါသည်။



