ရှမ်းပြည်ရဲ့မြို့တော်၊ တောင်ကြီးမြို့မှာ ၂၀၂၅ ခုနှစ်အတွင်း အိမ်ငှားခတွေ စံချိန်တင်ဈေးနှုန်း မြင့်တက်နေပြီး ထိုင်းနိုင်ငံက ဈေးနှုန်းထက် ပိုလာနေတယ်လို့ တောင်ကြီးကို စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေထံမှ သိရပါသည်။တောင်ကြီးမြို့မှာ ပျှမ်းမျှ တစ်လဈေးနှုန်းအနေနဲ့ ကွန်ဒို ၅ သိန်းကျပ်၊ ရိုးရိုးအိမ် ၈ သိန်းကျပ်၊ ခြံဝန်းအနည်းငယ်ကျယ်တဲ့အိမ် ၁၀ သိန်းကျပ်အကျော် စတဲ့ပေါက်ဈေးတွေအထိ ရှိနေတယ်လို့ ပွဲစားတွေဆီက သိရပါသညိ။



