back

မက်ဆီနှင့် ဆွာရက်ဇ်ကို မေဂျာလိဂ် ဒဏ်ရိုက်

Feb 26 • 2:23 PM

breaking-news

မြန်မာ

ပြည်ပ

cover

မက်ဆီနှင့် ဆွာရက်ဇ်ကို မေဂျာလိဂ် ဒဏ်ရိုက်

ပြီးခဲ့တဲ့ စနေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ နယူးယော့ခ်စီးတီးအသင်းနဲ့ပွဲမှာ ပြိုင်ဘက်နည်းပြနဲ့ ကစားသမားတွေကို ကိုယ်ထိလက်ရောက် ပြုလုပ်ခဲ့တဲ့ အင်တာမိုင်ယာမီတိုက်စစ်မှူး မက...

ပြီးခဲ့တဲ့ စနေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ နယူးယော့ခ်စီးတီးအသင်းနဲ့ပွဲမှာ ပြိုင်ဘက်နည်းပြနဲ့ ကစားသမားတွေကို ကိုယ်ထိလက်ရောက် ပြုလုပ်ခဲ့တဲ့ အင်တာမိုင်ယာမီတိုက်စစ်မှူး မက်ဆီနဲ့ ဆွာရက်ဇ်တို့ကို မေဂျာလိဂ်က မဖော်ပြတဲ့ ဒဏ်ကြေး ပေးဆောင်ဖို့ ဒဏ်ရိုက်ခဲ့တယ်လို့ သိရပါတယ်။ အင်တာမိုင်ယာမီအသင်းနဲ့ နယူးယော့ခ် စီးတီးအသင်းတို့ ၂ ဂိုးစီသရေကျတဲ့ပွဲအပြီးမှာ မက်ဆီက ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့သလို ကွင်းအတွင်း ဝင်ရောက်လာခဲ့တဲ့ နယူးယော့ခ်စီးတီး လက်ထောက်နည်းပြ ဘယ်လူချီရဲ့လည်ပင်းကို နောက်ကနေ ဆွဲထားခဲ့တာ ဖြစ်ပါတယ်။ ဆွာရက်ဇ်ကတော့ ပွဲချိန်ပထမပိုင်းမပြီးခင် နယူးယော့ခ်စီးတီး အသင်းသား ရီဆာနဲ့ ထိပ်တိုက်ဆုံတွေ့ခဲ့ရာမှာ ပြိုင်ဘက်ကစားသမားအပေါ် လက်ပါခဲ့တာဖြစ်ပါတယ်။ ဒဏ်ကြေးပေးဆောင် ဖို့သာ ပြစ်ဒဏ်ချမှတ်ခံရတာကြောင့် မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ မေဂျာလိဂ် ဒုတိယပွဲဖြစ်တဲ့ ဟူစတန်ဒိုင်နမို အသင်းနဲ့ပွဲမှာ ပါဝင်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။


news-view-count-icon

16