back

ချန်ပီယံဖြစ်ရန် ယုံကြည်ဟု ဗာစတက်ပန် ပြော

Feb 26 • 2:18 PM

breaking-news

မြန်မာ

ပြည်ပ

cover

ချန်ပီယံဖြစ်ရန် ယုံကြည်ဟု ဗာစတက်ပန် ပြော

ရက်ဘူးလ်အသင်းအနေနဲ့ အသင်းလိုက်ကမ္ဘာ့ချန်ပီယံဆုကို ၅ ကြိမ်ဆက် ရယူနိုင်ဖို့ ယုံကြည်ချက်ရှိတယ်လို့ နယ်သာလန်ဒရိုင်ဗာ ဗာစတက်ပန်က ပြောကြားလိုက်ပါတယ်။ ဗာစတက်ပန်ကိုယ်တိ...

ရက်ဘူးလ်အသင်းအနေနဲ့ အသင်းလိုက်ကမ္ဘာ့ချန်ပီယံဆုကို ၅ ကြိမ်ဆက် ရယူနိုင်ဖို့ ယုံကြည်ချက်ရှိတယ်လို့ နယ်သာလန်ဒရိုင်ဗာ ဗာစတက်ပန်က ပြောကြားလိုက်ပါတယ်။ ဗာစတက်ပန်ကိုယ်တိုင်လည်း အခုနှစ်မှာ ဒရိုင်ဗာ ကမ္ဘာ့ချန်ပီယံဆုကို ၅ ကြိမ်ဆက် ရယူနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ရက်ဘူးလ်အသင်းရဲ့ ပြိုင်ဘက်တွေ ဖြစ်ကြ တဲ့ မက္ကလာရင်၊ ဖာရာရီနဲ့ မာစီးဒီးစ်အသင်းဟာ အခုနှစ်အတွက် ပြောင်းလဲမှုတွေ ကြီးကြီးမားမား ပြုလုပ်ထားပြီး အခုနှစ်က ရက်ဘူးလ်အတွက် ခက်ခဲတဲ့နှစ် ဖြစ်လာဖွယ်ရှိနေတာပါ။ ရက်ဘူးလ်အသင်းကလည်း အခုနှစ် ပြိုင်ပွဲ အတွက် RB 21 ပြိုင်ကားသစ်ကို ထုတ်လုပ်ထားပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့က တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ ပြိုင်ကားသစ်ရဲ့အနေအထားက အရင်ကားတွေထက် ပိုပြီးသက်သောင့် သက်သာရှိ သလို အသင်းဒရိုင်ဗာတွေအတွက် အချိန်တိုအတွင်း အသားကျစေပါလိမ့်မယ်လို့ ဗာစတက်ပန်က ပြောသွားခဲ့ပါတယ်။


news-view-count-icon

15