back

ဂိတ်များလို့ ချင်းပြည်တောင်ပိုင်းမှာ ကုန်စျေးနှုန်းတွေ မြင့်တက်နေဆဲ

Feb 26 • 1:57 PM

breaking-news

မြန်မာ

ချင်း

cover

ဂိတ်များလို့ ချင်းပြည်တောင်ပိုင်းမှာ ကုန်စျေးနှုန်းတွေ မြင့်တက်နေဆဲ

ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ ကုန်ပစ္စည်းတွေ လွတ်လပ်စွာ သယ်ယူခွင့်ရပေမဲ့ ကုန်စျေးနှုန်းကျဆင်းတာမရှိဘဲ မြင့်တက်နေဆဲလို့ အဲဒီမြို့တွေက ဒေသခံတွေဆီက သိရပါ...


ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ ကုန်ပစ္စည်းတွေ လွတ်လပ်စွာ သယ်ယူခွင့်ရပေမဲ့ ကုန်စျေးနှုန်းကျဆင်းတာမရှိဘဲ မြင့်တက်နေဆဲလို့ အဲဒီမြို့တွေက ဒေသခံတွေဆီက သိရပါသည်။မြို့တခုနဲ့တခု ကုန်စျေးနှုန်းတွေ အနည်းငယ် ကွာခြားမှုတွေရှိပေမဲ့ ကုန်စျေးနှုန်းဟာ မြင့်တက်နေသေးတဲ့ အခြေအနေမျိုးမှာပဲ ရှိနေသေးတယ်လို့ မတူပီဒေသခံတစ်ဦးထံမှ သိရပါသည်။ချင်းပြည်တောင်ပိုင်းက မြို့တွေဟာ ကုန်ပစ္စည်းတွေကို မကွေးတိုင်း၊ ပခုက္ကု၊ ကျောက်ထု၊ ဆော၊ ဂန်ဂေါ့ စတဲ့မြို့နယ်တွေက အဓိက ဝယ်ယူတင်သွင်းကြပါတယ်။ အဲဒီမြို့တွေနဲ့နီးတဲ့ မြို့တွေဆို ကုန်စျေးနှုန်းအနည်းငယ်သက်သာတယ်လို့ ရေဇွာမြို့ခံတစ်ဦးထံမှ သိရပါသည်။



news-view-count-icon

17