စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နမ့်တောမြို့မှာ လွန်ခဲ့တဲ့ ရက်ပိုင်းမှစ MPT ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေပြီး ဒေသခံတွေ အွန်လိုင်းမှ ငွေထုတ်ယူဖို့ ခက်ခဲနေသလို ငွေကြေးလည်ပတ်ဖို့လည်း ခက်ခဲနေပါသည်။ဟုမ္မလင်းမြို့နယ်အတွင်းမှာ ဖုန်းလိုင်းပြတ်တောက်မှုတွေဟာ မကြာခဏဖြစ်ပေါ်နေပြီး ၂၀၂၄ ခုနှစ်ကုန်ပိုင်းကစလို့ လိုင်းတချို့ပြန်ရရှိခဲ့တာလည်းဖြစ်ပါသည်။သို့ပေမယ့် ဟုမ္မလင်းမြို့ အနီးတဝိုက် နှင့် နမ့်တောဒေသတဝိုက်မှာသာ ရရှိခဲ့တာဖြစ်တယ်လို့သိရပါသည်။



