back

ဂျပန်နိုင်ငံတွင် အနာဂတ်မြို့ရဲ့ ပထမအဆင့် ဆောက်လုပ်မှုလုပ်ငန်းကို Toyota ပြီးမြောက်

Feb 26 • 1:10 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်နိုင်ငံတွင် အနာဂတ်မြို့ရဲ့ ပထမအဆင့် ဆောက်လုပ်မှုလုပ်ငန်းကို Toyota ပြီးမြောက်

ဂျပန်နိုင်ငံရှိ Toyota Motor ဟာ တိုကျိုအနောက်တောင်ဘက်မှာ မြို့ပြလူနေမှုဘဝနဲ့ နည်းပညာအသစ်တွေ ပေါင်းစပ်ဖန်တီးထားတဲ့ အနာဂတ်မြို့ရဲ့ ပထမအဆင့် ဆောက်လုပ်မှုလုပ်ငန်းတွ...

ဂျပန်နိုင်ငံရှိ Toyota Motor ဟာ တိုကျိုအနောက်တောင်ဘက်မှာ မြို့ပြလူနေမှုဘဝနဲ့ နည်းပညာအသစ်တွေ ပေါင်းစပ်ဖန်တီးထားတဲ့ အနာဂတ်မြို့ရဲ့ ပထမအဆင့် ဆောက်လုပ်မှုလုပ်ငန်းတွေကို ပြီးမြောက်ခဲ့ကြောင်းကို Toyota က စနေနေ့မှာ ပြသခဲ့ပါတယ်။ Toyota ဟာ 'Woven City' လို့ ခေါ်တဲ့ စီမံကိန်းအတွက် ၂၀၂၁ ခုနှစ်က Shizuoka ခရိုင် Susono မြို့မှာ လုပ်ငန်းစတင်ခဲ့ပါတယ်။ အဲဒီမှာ အလိုအလျောက် မောင်းနှင်နိုင်တဲ့ ယာဉ်တွေအတွက် သီးသန့်လမ်း၊ တခြားသယ်ယူပို့ဆောင်ရေးအတွက် သုံးတဲ့ လမ်းနဲ့ လူသွားလမ်းတွေ ရှိမှာ ဖြစ်ပါတယ်။ အဲဒီမြို့မှာ အိမ်တိုင်ရာရောက် ပစ္စည်းပို့တဲ့ ဝန်ဆောင်မှုနဲ့ အမှိုက်သိမ်းယူမှုအတွက် မြေအောက်လမ်းတစ်ခု ထားရှိမှာ ဖြစ်ပါတယ်။ အဆင့်မြင့် ဒီဂျစ်တယ်နည်းပညာတွေနဲ့ အလိုအလျောက် လှုပ်ရှားသွားလာနိုင်တဲ့ စက်ရုပ်တွေကိုလည်း စမ်းသပ်မှာ ဖြစ်ပါတယ်။


news-view-count-icon

13