ဂျပန်က အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Mizushiri Yoriko ရဲ့ "Ordinary Life" ရုပ်ရှင်ဟာ ၇၅ ကြိမ်မြောက် ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ နိုင်ငံတကာ ဇာတ်လမ်းတိုရုပ်ရှင်ကဏ္ဍအတွက် ဒုတိယဆုဖြစ်တဲ့ Silver Bear Jury Prize ကို ဆွတ်ခူးခဲ့ပါတယ်။ အဓိက ကဏ္ဍတွေရဲ့ ဆုတွေကို စနေနေ့မှာ ကြေညာခဲ့ပြီး အဲဒီနေ့မှာ ဆုချီးမြှင့်တဲ့အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ဒါရိုက်တာ Mizushiri ရဲ့ "Ordinary Life" ရုပ်ရှင်ဟာ ကာတွန်းရုပ်ရှင်ဖြစ်ပြီး နူးညံ့တဲ့ အရောင်အသွေးတွေ သရုပ်ဖော်ချက်တွေနဲ့ ဖန်တီးထားဖြစ်ပါတယ်။



