ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၅၄၂ ကျပ်နှုန်းဖြင့် တရုတ်ယွမ် ၄၁၂,၅၃၆ ကို ထုတ်ရောင်းခဲ့ကြောင်း သိရသည်။
ထိုနေ့တစ်ရက်တည်းတွင် AD လိုင်စင်ရရှိသော ဘဏ်များနှင့် လုပ်ငန်းရှင်များအကြား အမေရိကန်ဒေါ်လာ ၂၃.၀၄၄ သန်း၊ တရုတ်ယွမ် ၇၆၃,၃၇၀ နှင့် ထိုင်းဘတ် ၄၃.၆၅၇ သန်း အလွှဲအပြောင်းများပြုလုပ်ခဲ့ကြောင်း အချက်အလက်များ ထုတ်ပြန်သည်။



