back

အွမ်ဒါမန်မြို့မြောက်ပိုင်းလူနေရပ်ကွက်တစ်ခုပေါ် ဆူဒန် စစ်လေယာဥ်ပျက်ကျ၊ အနည်းဆုံး လူ ၂၀ ကျော် သေဆုံး

Feb 26 • 9:34 AM

breaking-news

မြန်မာ

ပြည်ပ

cover

အွမ်ဒါမန်မြို့မြောက်ပိုင်းလူနေရပ်ကွက်တစ်ခုပေါ် ဆူဒန် စစ်လေယာဥ်ပျက်ကျ၊ အနည်းဆုံး လူ ၂၀ ကျော် သေဆုံး

ဆူဒန်စစ်တပ်လေယာဉ်တစ်စင်းဟာ မြို့တော်ခါတွမ်အနီး အွမ်ဒါမန်မြို့မြောက်ပိုင်းက ဝါဒီဆဲ့ဒ်နာတပ်မတော်လေဆိပ်အနားမှာရှိတဲ့ လူနေရပ်ကွက်တစ်ခုပေါ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ညနေ...

ဆူဒန်စစ်တပ်လေယာဉ်တစ်စင်းဟာ မြို့တော်ခါတွမ်အနီး အွမ်ဒါမန်မြို့မြောက်ပိုင်းက ဝါဒီဆဲ့ဒ်နာတပ်မတော်လေဆိပ်အနားမှာရှိတဲ့ လူနေရပ်ကွက်တစ်ခုပေါ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ညနေက လေယာဥ်ပျံတက်စဥ် ပျက်ကျခဲ့ရာမှာ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အရပ်သားတွေ အပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဒီ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပြောကြားလာပါတယ်။လေယာဉ်ဟာ ဆူဒန်ဆိပ်ကမ်းကို ပြေးဆွဲနေတဲ့လေယာဥ်ဖြစ်ပြီး အဆင့်မြင့်အရာရှိတွေ အပါအဝင် အရာရှိအများအပြားကို တင်ဆောင်လာသလို လေယာဥ်ဟာ အယ်လ်သဝါရ် အိမ်ရာဧရိယာရဲ့ Block 75 မှာ ပျက်ကျခဲ့ပြီး အားပြင်းတဲ့ ပေါက်ကွဲသံတွေနဲ့ ထူထပ်တဲ့ ဖုန်မှုန့်တွေ၊ မီးခိုးတွေဟာ ပတ်ဝန်းကျင်မှာ လွင့်ပျံ့ခဲ့ပေမဲ့ မီးလောင်မှုမကြီးမားအောင် မီးသတ်သမားတွေက ထိန်းနိုင်ခဲ့တယ်လို့သိရပါတယ်။

news-view-count-icon

11