၂၀၂၄ ခုနှစ်ထဲမှာ အင်တာနက် ပိတ်ဆို့မှု အဆိုးရွားဆုံးဖြစ်တဲ့နှစ်ဖြစ်ပြီး မြန်မာဟာ ကမ္ဘာမှာ အင်တာနက်အကြိမ်ရေ အများဆုံး ပိတ်ဆို့ခံရတဲ့ နိုင်ငံ ဖြစ်လာတယ်လို့ ဒီဂျစ်တယ်အရေး စောင့်ကြည့်လေ့လာတဲ့ Access Now အဖွဲ့ရဲ့ဖော်ပြချက်အရ သိရပါတယ်။၂၀၂၄ ခုနှစ် တစ်နှစ်တည်းအတွင်း မြန်မာမှာ အင်တာနက် ပိတ်ဆို့မှုအကြိမ်ရေ ၈၅ ကြိမ်အထိရှိခဲ့ပြီး Access Now ရဲ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့ကထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ကမ္ဘာတဝန်းက အင်တာနက် ပိတ်သိမ်းမှုအားလုံးရဲ့ ၆၄ ရာခိုင်နှုန်းကျော်ဟာ မြန်မာ၊ အိန္ဒိယ နဲ့ ပါကစ္စတန်တို့မှာ ဖြစ်ခဲ့ပြီး မလေးရှားနဲ့ ထိုင်းနိုင်ငံတို့လည်း ၂၀၂၄ ခုနှစ်အတွင်း အင်တာနက်ပိတ်ဆို့မှု ကျူးလွန်တဲ့ စာရင်းမှာ ပါဝင်လာတယ်လို့ ဖော်ပြထားပါတယ်။
Feb 26 • 9:03 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


