back

ကိုဗစ်ချေးငွေ အတိုးအရင်းလုံး၀ပြန်မဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၄၈၀ ကျော်ကို သတင်းစာ၌ကြေညာသွားရန်စီစဉ်

Feb 26 • 9:03 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကိုဗစ်ချေးငွေ အတိုးအရင်းလုံး၀ပြန်မဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၄၈၀ ကျော်ကို သတင်းစာ၌ကြေညာသွားရန်စီစဉ်

ကိုဗစ် ၁၉ ချေးငွေများကို ထုတ်ချေးရာတွင် ကျပ်ဘီလီယံ ၂၀၀ ထုတ်ချေးထားပြီး ယခု ၂၀၂၅ ခုနှစ်ဇန်နဝါရီလအထိ စာရင်းများအရ ကျပ် ၁၁၈ ဘီလီယံသာ ပြန်လည်ကောက်ခံရရှိထားကြောင်း သ...

ကိုဗစ် ၁၉ ချေးငွေများကို ထုတ်ချေးရာတွင် ကျပ်ဘီလီယံ ၂၀၀ ထုတ်ချေးထားပြီး ယခု ၂၀၂၅ ခုနှစ်ဇန်နဝါရီလအထိ စာရင်းများအရ ကျပ် ၁၁၈ ဘီလီယံသာ ပြန်လည်ကောက်ခံရရှိထားကြောင်း သိရသည်။ ထိုချေးငွေများအနက်တွင် မွေးမြူရေးကဏ္ဍအပေါ် ထုတ်ပေးထားသည့်ချေးငွေများနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းများအပါအဝင် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများမှာလည်း ယခုနှစ်အတွင်း သက်တမ်းပြည့်မည်ဖြစ်သည့်အတွက် အတိုးအရင်းပြန်ဆပ်ရမည့် အခြေအနေရှိနေကြောင်းလည်း သိရသည်။

news-view-count-icon

22