ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မှာangkok Mass Transit Authority (BMTA) က လျှပ်စစ် ဘတ်စ်ကား ၁,၅၂၀ ပြေးဆွဲဖို့ ပြင်ဆင်နေပြီး ဩဂုတ်လမှာ ပထမအသုတ် ပြေးဆွဲမှာ ဖြစ်ပါတယ်။ သက်တမ်း နှစ် ၃၀ ကျော်ရှိတဲ့ အဲကွန်း မပါတဲ့ ဘတ်စ်ကား အဟောင်းတွေ နေရာကို လျှပ်စစ်ဘတ်စ်ကားတွေနဲ့ အစားထိုးမှာ ဖြစ်ပြီး အဲဒီ စီမံကိန်းဟာ ဘတ် ၁၅,၃၅၅ သန်း တန်ကြေး ရှိပြီး ၂၀၂၅ ခုနှစ် ကနေ ၂၀၃၂ ခုနှစ်အထိ ၇ နှစ်အတွင်း အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ လျှပ်စစ် ဘတ်စ်ကားတွေကို ငှားရမ်းပေးမှာ ဖြစ်ပြီး နောက်လမှာ လွှတ်တော်ကို တင်ပြမှာ ဖြစ်ပါတယ်။ လျှပ်စစ် ဘတ်စ်ကား ငှားရမ်းတဲ့ စာချုပ်ကို ဧပြီလမှာ ချုပ်ဆိုမှာ ဖြစ်ပြီး ဩဂုတ်လမှာ ဘတ်စ်ကား ၅၀၀ စတင် ပြေးဆွဲမှာ ဖြစ်ပါတယ်။ ဘတ်စ်ကားတွေကို PM2.5 လေထုညစ်ညမ်းမှုကို လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ ပြေးဆွဲမှာ ဖြစ်ပါတယ်။ ဒုတိယ အသုတ်ကို ဒီနှစ်နှောင်းပိုင်းနဲ့ ဘတ်စ်ကား ၁,၅၂၀ ကို နောက်နှစ်မှာ ပြေးဆွဲဖို့ ရည်မှန်းထားပါတယ်။ လျှပ်စစ် ဘတ်စ်ကားတွေကို လေလံဆွဲလို့ အောင်တဲ့ သူဟာ ကား မှတ်ပုံတင်တာနဲ့ ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ဌာနက ပြဌာန်းထားတဲ့ ဘေးကင်းလုံခြုံရေး စံနှုန်းတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 
Feb 26 • 6:32 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


