back

အလုပ်ကိုင်ခွင့်လမ်းနည်းပါးမှုကြောင့် မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို ဝင်ရောက်လာသူတွေနည်းပါးလာနေ

Feb 26 • 6:30 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အလုပ်ကိုင်ခွင့်လမ်းနည်းပါးမှုကြောင့် မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို ဝင်ရောက်လာသူတွေနည်းပါးလာနေ

အလုပ်မရလို့ မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို ဝင်ရောက်သူတွေနည်းပါးလာတယ်လို့ မူဆယ်ဒေသတွင်းအခြေစိုက် လူမှုကူညီရေးအသင်းတချို့က သိရပါတယ်။တရုတ်နိုင်ငံကို သွားရောက်အလုပ်...

အလုပ်မရလို့ မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို ဝင်ရောက်သူတွေနည်းပါးလာတယ်လို့ မူဆယ်ဒေသတွင်းအခြေစိုက် လူမှုကူညီရေးအသင်းတချို့က သိရပါတယ်။တရုတ်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်လိုတဲ့ မြန်မာနိုင်ငံဒေသ အတော်များများက လူအများစုဟာ ပွဲစားတွေနဲ့ဆက်သွယ်ပြီး တရုတ်နိုင်ငံထဲကို ဝင်ရောက်ခွင့်ရဖို့အတွက် မူဆယ်မြို့မှာ လနဲ့ချီပြီး စောင့်ဆိုင်းနေပေမယ့် တရုတ်ဘက်က အလုပ်မခေါ်တဲ့အတွက် မူဆယ်မြို့ကနေ ပြန်ပြီးထွက်ခွာသွားကြတာဖြစ်တယ်လို့ သိရပါတယ်။မူဆယ်မြို့ကနေ တရုတ်နိုင်ငံကို အလုပ်သွားလုပ်မယ်သူတွေက မူဆယ်မြို့က ဆင်ဖြူဂိတ် ၊ နန်းတော်ဂိတ်နဲ့ မိန့်ဝိန်းဂိတ်တို့ကနေ တရုတ်နိုင်ငံထဲကို တစ်ပတ်နေထိုင်ခွင့်ကတ်နဲ့ ဝင်ရောက်အလုပ်ရှာကြပြီး တစ်ပတ်ပြည့်လို့ မြန်မာနိုင်ငံထဲ ပြန်မဝင်လို့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားများစွာလည်းရှိတယ်လို့ သိရပါတယ်။





news-view-count-icon

26