ဖေဖော်ဝါရီ ၂၆ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် မန်းကလိပ်ကျေးရွာ အုပ်စု၊ မန်းကလိပ်ကျေးရွာမှ ဒေသခံပြည်သူများကို ရန်ကုန်တိုင်းမှ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ဇေယျသုခကျောင်း ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဆေးကုသမှုများ ဆောင်ရွက်ပေးရာတွင် ဒေသခံပြည်သူ စုစုပေါင်း (၁၅၃)ဦး တို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အရိုး၊အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊မျက်စိ၊နား ၊နှာခေါင်း၊လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့ နှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ကွမ်းခြံကုန်း မြို့နယ် ၊ မန်းကလိပ်ကျေးရွာရှိဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့
Feb 26 • 6:13 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 17 | 0 | 0 | 0 |


