အနုပညာရှင်ဂျွန်လွင်ကသူအခုလိုအလုပ်တွေအဆင်ပြေနေတာကလည်း မိခင်ကြီးကို ကျွေးမွေးပြုစုလုပ်ကျွေးရတဲ့အတွက်ကြောင့်ဆိုတာ သူယုံကြည်ထားတယ်လို့ အမြဲပြောလေ့ရှိပါတယ်။ သူ့အနေနဲ့မိခင်ကြီးက သက်ရှိဘုရားတစ်ဆူဖြစ်တဲ့အတွက် မိခင်ကြီးကိုထားပြီး အလုပ်ကိစ္စခရီးထွက်ရတိုင်း မိခင်ဖြစ်သူရဲ့ ခြေဖမိုးကို ဦးတိုက်ကန်တော့ပြီးမှ သွားလေ့ရှိသူတစ်ဦးဘဲဖြစ်ပါတယ်။



