back

မြန်မာနိုင်ငံရှိကျားဖြန့်များက ရွှေမှောင်ခိုသယ်ရမည်၊Marketing လုပ်ရမည်ဆိုပြီးနိုင်ငံခြားသားများကို လိမ်လည်ခေါ်ယူခဲ့ကြောင်းသိရ

Feb 26 • 5:10 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံရှိကျားဖြန့်များက ရွှေမှောင်ခိုသယ်ရမည်၊Marketing လုပ်ရမည်ဆိုပြီးနိုင်ငံခြားသားများကို လိမ်လည်ခေါ်ယူခဲ့ကြောင်းသိရ

မြန်မာနိုင်ငံရှိ ကျားဖြန့်လိမ်လည်တဲ့လုပ်ငန်းလုပ်ကိုင်သူတွေက နိုင်ငံခြားသားတွေကို လစာကောင်းကောင်းရမယ့် ရွှေမှောင်ခိုသယ်ရမယ်၊ထိုင်းနိုင်ငံမှာMarketing လုပ်ရမယ်ဆို...

မြန်မာနိုင်ငံရှိ ကျားဖြန့်လိမ်လည်တဲ့လုပ်ငန်းလုပ်ကိုင်သူတွေက နိုင်ငံခြားသားတွေကို လစာကောင်းကောင်းရမယ့် ရွှေမှောင်ခိုသယ်ရမယ်၊ထိုင်းနိုင်ငံမှာMarketing လုပ်ရမယ်ဆိုပြီးလိမ်ညာခေါ်ယူခဲ့တယ်လို့ မြန်မာပြည်ထဲရေးဝန်ကြီးဌာနရဲ့ စစ်ဆေးဖော်ထုတ်ချက်တွေအရသိရပါတယ်။လက်ရှိအချိန်အထိ မြန်မာနိုင်ငံအနေနဲ့ ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ (၂၅၃၈) ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ (၆၇၃) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိတဲ့ ပြည်ပနိုင်ငံသား (၁၈၆၅)ဦးကို သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးဖို့အသင့်ဖြစ်နေပြီဖြစ်တယ်လို့ သိရပါတယ်။


news-view-count-icon

29