ချစ်သူစေရာရုပ်ရှင်ဇာတ်ကားကြီးတွင် အတူပါဝင်ခဲ့တဲ့ သရုပ်ဆောင်ပိုးမမှီသာဟာသူငယ်ချင်းမေတိုးခိုင် သည် ဘေးနားကလူတွေကို ပျော်အောင်ထားတတ်တဲ့ Energy ရှိတယ်၊သူက ကိုယ်တိုင်ကလည်း ပျော်ပျော်လေး နေတတ်တယ်၊ပေါ့ပေါ့ပါးပါးနဲ့ အဲ့လို တစ်ခုခုဆို နည်းနည်းလေးဆိုတာနဲ့ အများကြီး Appreciate လုပ်တတ်တဲ့သူဆိုတော့လေ။ အဲ့တော့ သူနဲ့တူတူနေရရင် ပျော်ရတာများတယ်။ နှစ်ယောက်လုံးက သမီးအကြီးဆိုပေမယ့် မဖူးမေတိုးခိုင်က ပိုပြီးတော့ အမအကြီးလိုမျိုးဖြစ်တယ်ပေါ့နော်၊အားလုံးကိုသူ Care လုပ်တယ်၊ နဂိုစိတ်အရင်းကိုက အဲ့လိုချစ်ဖို့ကောင်းတယ်ဆိုပြီးမီဒီယာထံ သူမရဲ့အမြင်ကိုပြောပြလာခဲ့ပါတယ်။
သရုပ်ဆောင်မေတိုးခိုင်က အားလုံးအပေါ် မေတ္တာနဲ့ဆက်ဆံတတ်တဲ့သူမို့ သူ့နဲ့နေရတာက ပျော်စရာကောင်းတယ်ဆိုတဲ့ သရုပ်ဆောင်ပိုးမမှီသာ
Feb 26 • 5:07 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 43 | 0 | 0 | 0 |


