လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းအတွက် ပုံစံကောင်း မပြသနိုင်တဲ့ ကွင်းလယ်လူ ပယ်လ်မာရဲ့ခြေစွမ်းနဲ့ ပတ်သက် လို့ စိတ်မပူဘူးလို့ နည်းပြ မာရက်စကာက ပြောကြားလိုက်ပါတယ်။ နည်းပြ မာရက်စကာကတော့ ကစားသမား တစ်ဦးချင်းရဲ့ ခြေစွမ်းမပြနိုင်မှုထက် အသင်းလိုက်စွမ်းဆောင်ရည် ကောင်းလာဖို့ကိုပဲ နည်းပြတစ်ယောက်အနေနဲ့ အာရုံစိုက် ထားတယ်လို့ ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း အသက် ၂၂ နှစ်အရွယ် ပယ်လ်မာဟာ ချဲလ်ဆီးအတွက် ၂၆ ဂိုး သွင်းပြီး ၁၃ ဂိုးအထိ ဖန်တီး ပေးထားနိုင်ခဲ့တာပါ။ ဒါပေမဲ့ အခုရာသီမှာတော့ ပယ်လ်မာ ဟာ ခြေစွမ်းကောင်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့ သလို နောက်ဆုံး ၁၃ ပွဲမှာလည်း ဂိုးဖန်တီးမှုတစ်ကြိမ်မှ ပြုလုပ်နိုင်တာ မရှိခဲ့ပါဘူး။



