နော်တင်ဟမ်အသင်းကို ၄ ဂိုး-၃ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၅၀ ပြည့်တဲ့ ကစားသမားစာရင်းထဲ ပါဝင်သွားခဲ့ပါတယ်။ အခုရာသီ နယူးကာဆယ် အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၉ ဂိုးသွင်းယူးပေးထားတဲ့ အီဆက်ခ်ဟာ ပရီးမီးယားလိဂ် ၇၆ ပွဲမှာပဲ သွင်းဂိုး ၅၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ သွင်းဂိုး ၅၀ အမြန်ဆုံးရခဲ့တဲ့ ကစားသမားအဖြစ် မန်စီးတီး တိုက်စစ်မှူး ဟာလန်းက ရပ်တည်နေတာဖြစ်ပြီး မန်စီးတီးအသင်းနဲ့အတူ ၄၈ ပွဲကစားပြီးနောက် သွင်းဂိုး ၅၀ ပြည့်ခဲ့တာပါ။



