back

တောင်ကိုရီးယားနိုင်ငံတွင် ဆောက်လုပ်ဆဲတံတားတစ်ခုပြိုကျ၍ အလုပ်သမားသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

Feb 25 • 10:15 AM

breaking-news

မြန်မာ

ပြည်ပ

cover

တောင်ကိုရီးယားနိုင်ငံတွင် ဆောက်လုပ်ဆဲတံတားတစ်ခုပြိုကျ၍ အလုပ်သမားသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

တောင်ကိုရီးယားနိုင်ငံ၊ ချွန်နန်မြို့တွင် အဝေးပြေးလမ်းမကြီးတစ်ခုပေါ်ရှိ ဆောက်လုပ်ဆဲတံတားတစ်ခုပြိုကျမှု ဖေဖော်ဝါရီလ ၂၅ ရက်က ဖြစ်ပွားခဲ့ရာ အလုပ်သမားသုံးဦးသေဆုံးပြီ...

တောင်ကိုရီးယားနိုင်ငံ၊ ချွန်နန်မြို့တွင် အဝေးပြေးလမ်းမကြီးတစ်ခုပေါ်ရှိ ဆောက်လုပ်ဆဲတံတားတစ်ခုပြိုကျမှု ဖေဖော်ဝါရီလ ၂၅ ရက်က ဖြစ်ပွားခဲ့ရာ အလုပ်သမားသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။ထိုဖြစ်ရပ်က ဖေဖော်ဝါရီလ ၂၅ ရက်၊ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၅၀ ခန့်တွင် ဖြစ်ပွားခဲ့သည်။ ဆိုးလ်မြို့နှင့် ဆီဂျုန်မြို့ အဝေးပြေးလမ်းမကြီးပေါ်ရှိ အစိတ်အပိုင်းတစ်ခုပေါ် ဆိုးလ်မြို့မှ တောင်ဘက် ကီလိုမီတာ ၈၀ အကွာတွင် ထိုတံတားပြိုကျမှုက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။တံတားကို အထောက်အခံပြုထားသော ၅၀ မီတာစီအရှည်ရှိ သံမဏိတန်းကြီးငါးချောင်း တစ်ခုပြီးတစ်ခု ပြိုလဲမှုက သံမဏိတိုင်များအား ဝန်ချီစက်တစ်ခုအသုံးပြု၍ တိုင်များအကြားရွှေ့ရန် အလုပ်သမားများက ဆောင်ရွက်နေစဉ် ဖြစ်ပွားခဲ့ခြင်းဟုလည်းသိရသည်။


news-view-count-icon

19