back

ဒေါ်လာ (၅၀ဝ) အောက် သစ်အချောထည်များ စာရွက်စာတမ်း မလိုအပ်ဘဲ တင်ပို့နိုင်ရန် ညှိနှိုင်းနေ

Feb 25 • 9:39 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဒေါ်လာ (၅၀ဝ) အောက် သစ်အချောထည်များ စာရွက်စာတမ်း မလိုအပ်ဘဲ တင်ပို့နိုင်ရန် ညှိနှိုင်းနေ

ပြည်တွင်းထုတ် သစ်အချောထည် ပရိဘောဂပစ္စည်းများနှင့် ကြမ်းခင်းများကို ပြည်ပတင်ပို့ရာ၌ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၀ဝ) ဈေးနှုန်းထက် မကျော်ပါက စာရွက်စာတမ်း မလိုအပ်ဘဲ ပြ...

ပြည်တွင်းထုတ် သစ်အချောထည် ပရိဘောဂပစ္စည်းများနှင့် ကြမ်းခင်းများကို ပြည်ပတင်ပို့ရာ၌ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၀ဝ) ဈေးနှုန်းထက် မကျော်ပါက စာရွက်စာတမ်း မလိုအပ်ဘဲ ပြည်ပသို့ တင်ပို့ခွင့်ရရန် မြန်မာနိုင်ငံသစ် အခြေခံပရိဘောဂ လုပ်ငန်းရှင်များအသင်းနှင့် သစ်တောဦးစီးဌာနများအကြား ညှိနှိုင်းလျက် ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာ့သစ်လုပ်ငန်း ပြည်ပအရောင်းဌာနမှ ဝယ်ယူထားသော သစ်လုံးမှ ထွက်ရှိလာသည့် (၂၄) စတုရန်းလက်မထက် မကျော်လွန်သော တစ်ဝက်တစ်ပျက် ကုန်ကြမ်းသစ်ခွဲသားများကို တင်ပို့ခွင့် ရရှိထားပြီး (၃၂) စတုရန်းလက်မရှိ သစ်ခွဲသားများကိုမူ တင်ပို့ခွင့် ရပ်ဆိုင်းထား‌ကြောင်း မြန်မာနိုင်ငံ သစ်အခြေခံပရိဘောဂ လုပ်ငန်းရှင်များအသင်းမှ သိရသည်။


news-view-count-icon

15