စင်ကာပူနိုင်ငံရောက် မြန်မာများအတွက် Nation Light မှ တည်ဆောက်သော တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံမြို့နယ်ရှိ မီနီကွန်ဒိုများအရောင်းပြပွဲအား စင်ကာပူနိုင်ငံတွင် ပြုလုပ်မည်ဖြစ်သည်ဟု သိရသည်။အဆိုပါ (၆)ကြိမ်မြောက် မြန်မာ့အိမ်ရာများ အရောင်းပြပွဲကြီးကို Shwe Property က မတ်လ(၁)ရက်နှင့် (၂) ရက်တွင် နံနက် (၁၀)နာရီမှ ညနေ (၅)နာရီအထိ Mercure Bugis Hotel တွင် ကျင်းပသွားမည်ဖြစ်သည်။
ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများရှိ စိတ်ချ ခိုင်မာမှုရှိသည့် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ တိုက်ခန်း၊ မီနီကွန်ဒို၊ ကွန်ဒို၊ လုံးချင်းအိမ်နှင့် ဂရန် အမည်ပေါက်မြေကွက်များကို စိတ်တိုင်းကျရွေးချယ် နိုင်မည်ဖြစ်သည်။



