ဖေဖော်ဝါရီ ၂၅ ရက်မှာ တံဆပ်တုံးအတုသုံးပြီး တရားမဝင် ပတ်စ်ပို့သက်တမ်းတိုး ပြုလုပ်ပေးနေသူတွေကို ထိရောက်စွာ အရေးယူမယ်လို့ မြန်မာသံရုံး ( ဆိုးလ် ) က အသိပေးထားပါတယ်။
နိုင်ငံကူးလက်မှတ်တွေရဲ့ တရားဝင်မှုဟာ ကိုင်ဆောင်အသုံးပြုသူတွေရဲ့ အခန်းကဏ္ဍမှ ပါဝင်သလို ကိုင်ဆောင်အသုံးပြုရာမှာလည်း တရားဝင်သက်တမ်းရှိမှုနဲ့ ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်တွေနဲ့ ညီညွတ်မှုရှိဖို့ အရေးကြီးတာဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေ အနေနဲ့ မိမိတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို တရားဝင်နည်းလမ်းမျိုးနဲ့ သက်တမ်းတိုး ဆောင်ရွက်ကြဖို့ အရေးကြီးပြီး မလိုလားအပ်တဲ့ အခက်အခဲတွေ မဖြစ်ပေါ်စေဖို့နဲ့ ဥပဒေအရ အရေးယူခံရတာ မဖြစ်ပေါ်စေဖို့အတွက် သတိပြုဆောင်ရွက်ကြဖို့ သိပေးထားကာ တရားမဝင်တံဆပ်တုံး အတုအပ ပြုလုပ်အသုံးပြုနေသူတွေကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ဖို့အတွက် မြန်မာသံရုံးက ကိုရီးယားအာဏာပိုင်တွေနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်နေတယ်လို့ မြန်မာသံရုံး ( ဆိုးလ်း ) က အသိပေးထားပါတယ်။



